figure[class^="BackgroundVideo__Wrapper"] { z-index: 0; }

FAQ

မေးလေ့မေးထရှိသော ‌မေးခွန်းများ

Suscription

လူကြီးမင်းအနေဖြင့် စက်သက်တမ်းတိုးခြင်းအောင်မြင်ပါက လူကြီးမင်း၏ TV ပေါ်တွင် စာအိတ်လေးပေါ်လာမှာဖြစ်ပြီး ထိုစာအိတ်ကို ဖွင့်ကြည့်ခြင်းဖြင့် သက်တမ်းကုန်ဆုံးရက်ကိုသိရှိနိုင်မှာဖြစ်သလို လူကြီးမင်း၏ သက်တမ်းတိုးနံပါတ်ဖြင့် call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကဒ်မပါသောစက်များအတွက် Setting မှ “My subscription” တွင် လူကြီးမင်းစက်ရဲ့ သက်တမ်းကုန်ဆုံးရက် ကိုစစ်ဆေးနိုင်ပါသည်။

QR Code ကို scan ဖတ်ခြင်းဖြင့်လည်း သက်တမ်းတိုးခြင်းကို လွယ်ကူစွာလုပ်ဆောင်နိုင်ပါသည်။

 

လူကြီးမင်း ရဲ့ စက်တွင် CANAL+ Logo ပါရှိပြီး စက်၏ဘားကုတ်တွင် စက် model အမျိုးအစား (ဥပမာ - Kaon DTH KSTB1169, Kaon DTT KSTB1061, Kaon DTT KSTB1145 or Skyworth DTH HS6401, HS6402) စသည်တို့ ပါရှိပါက ဆက်လက် သက်တမ်းတိုးပြီး ကြည့်ရှုလို့ ရပါတယ်။ အခက်အခဲ တစုံတရာ ရှိပါက call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

New decoder

ကျွန်တော်တို့ CANAL+ စက်ကို HDMI သို့မဟုတ် RCA ဗီဒီယို အသုံးပြုလို့ရသည့် မည်သည့် TV နှင့်မဆို တွဲဖက်အသုံးပြုနိုင်ပါတယ်။ DTT စက်အမျိုးအစားအတွက် (ရန်ကုန်နှင့် မန္တလေး မြို့များတွင်) လွယ်ကူစွာ တပ်ဆင်နိုင်ပါတယ်။ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက ကျွန်တော်တို့ ထံ ဆက်သွယ်နိုင်ပါတယ်။

DTH စက်အမျိုးအစားကို တပ်ဆင်သည့်အခါ၊ လူကြီးမင်းရဲ့စလောင်းဗန်း ကို ကောင်းမွန်သောလိုင်းဖမ်းယူမှုရရှိနိုင်ရန် နီးစပ်ရာ စလောင်းကျွမ်းကျင်သူကိုခေါ်ယူတပ်ပေးဖို့အကြံပြုပါရစေ ခင်ဗျာ။ လူကြီးမင်းရဲ့ အိမ်နှင့် အနီးစပ်ဆုံး စလောင်းတပ်ဆင်သူကို ရှာဖွေနိုင်ရန် ကျွန်တော်တို့ ထံသို့ လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Showroom လိပ်စာများ ကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ်။

https://www.canalplus-myanmar.com/contacts/stores

 

ကိုယ်စားလှယ်ဆိုင်လိပ်စာများကိုသိရှိလိုပါက call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရန်ကုန်မြို့ နှင့် မန္တလေး တို့တွင်လည်း Delivery ဝန်ဆောင်မှုများ ရရှိနိုင်ပြီး CANAL+ စက်ကို မှာယူသူတွေအားလုံးကို pandago နဲ့ ဒီနေ့မှာ၊ ဒီနေ့ချက်ချင်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ တည်နေရာအပေါ်မူတည်ပြီး ပို့ဆောင်ခ ပေးဆောင်ရမှာဖြစ်ပြီး ☎️ မှာယူလိုပါက ဖုန်းနံပါတ် - 09969983588 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
 

 

 

 

package info

ကျွန်တော်တို့ CANAL+ မှာ package 3 မျိုး ရှိပါတယ်။ Mini ShallShall နှင့် Htoo Shall တွင် ပါ၀င်သော channel lineup အား အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

 



လူကြီးမင်းအနေနဲ့ လက်ရှိကျန်ရှိနေသောသက်တမ်းမကုန်ခင် နောက်ထပ်သက်တမ်းထပ်မံတိုးထားပါက ရှေ့လက တိုးထားတဲ့ Shall package သက်တမ်းကုန်သွားမှသာ ယခုထပ်မံတိုးထားတဲ့ Htoo Shall package ကို စတင် ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

My information

လူကြီးမင်းအနေနဲ့ CANAL+ App အသုံးပြုပါက Profile menu မှ (bit.ly/3CMhvML) တွင် လူကြီးမင်းရဲ့ အမည်၊ ဖုန်းနံပါတ်တို့ကိုပြောင်းလဲနိုင်ပါတယ်။

အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း လူကြီးမင်း၏ သက်တမ်းတိုးကဒ်နံပါတ်ဖြင့် နေ့စဥ်ပိတ်ရက်မရှိ  ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Material Info

CANAL+ Remote ကိုတော့ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ၏ Showroom များတွင် မေးမြန်းစုံစမ်းနိုင် သလို နီးစပ်ရာ ကိုယ်စားလှယ် ဆိုင်များမှာလည်း KAON မော်ဒယ်များအတွက် Universal Remote ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ လူကြီးမင်းအနေနဲ့လည်း Remote ကိုရွေးချယ်ဝယ်ယူတဲ့အခါမှာ Remote အဟောင်းကိုယူဆောင်သွားပြီးပုံစံတူ Remote ကိုဝယ်ယူနိုင်ပါတယ်။

ကျေးဇူးပြု၍ လူကြီးမင်းရဲ့ နီးစပ်ရာ Electronic ဆိုင်များမှာ အင်တနာ (သို့) စလောင်း အတွက် ကြိုး နှင့် အပိုပစ္စည်း တွေကို၀ယ်ယူပေးလို့ရနိုင်ပါတယ်။

CANAL+ စက်ကို အရည်အသွေးကောင်းမွန်သော မည်သည့် စလောင်းဗန်း (အနည်းဆုံး 60 စင်တီမီတာ အရွယ်အစား) နှင့်မဆို တွဲဖက်ကြည့်ရှုနိုင်ပါသည်။ CANAL+ စလောင်းဗန်းနှင့် တွဲဖက်ကြည့်မယ်ဆိုရင်ရုပ်သံအရည်အသွေးပိုမိုကောင်းမွန်ပြီးလိုင်းဆွဲအားကောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။

လူကြီးမင်းရဲ့ စက်ကို အရောင်းကိုယ်စားလှယ် ဆိုင်မှာစစ်ဆေးပြီး တစ်ခုခုတွင် ချွတ်ယွင်းချက် တွေ့ရှိပါက Warranty တစ်နှစ်အတွင်း စက်ကိုပြန်လည် လဲလှယ်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ CANAL+ မှ HEVC နည်းပညာဖြင့် လူကြီးမင်းအား ပိုမိုကြည်လင်တဲ့ အရည်အသွေးပြည့် ရုပ်သံအစီအစဥ်များကို ထုတ်လွှင့်ပေးနေပါသည်။ အချို့သော စက်အဟောင်းများသည် ရုပ်သံလိုင်းများကို ကြည့်ရှု၍မရခြင်းများဖြစ်ပေါ် နေသောကြောင့် နောက်ဆုံးပေါ်အသံလွှင့်နည်းပညာပါဝင်သည့် စက်ဖြင့် စက်လဲလှယ်ပေးရန်လိုအပ်ပါတယ်။ အသေးစိပ်သိရှိနိုင်ရန်အတွက် လူကြီးမင်း၏ သက်တမ်းတိုးနံပါတ်ဖြင့် call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Error On Subscription

ကျေးဇူးပြူ၍ လူကြီးမင်း၏ နာမည်၊ ဖုန်းနံပါတ်၊ မှားတိုးလိုက်သည့် သက်တမ်းတိုးနံပါတ်၊ အမှန်ပြန်ထည့်ချင်သည့် သက်တမ်းတိုးနံပါတ်၊ package အမျိုးအစား၊ သက်တမ်းတိုး voucher စသည်တို့ ဖြင့် call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျေးဇူးပြူ၍ လူကြီးမင်း၏ နာမည်၊ ဖုန်းနံပါတ်၊ မှားတိုးလိုက်သည့် သက်တမ်းတိုးနံပါတ်၊ အမှန်ပြန်ထည့်ချင်သည့် သက်တမ်းတိုးနံပါတ်၊ package အမျိုးအစား၊ သက်တမ်းတိုး voucher စသည်တို့ ဖြင့် call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Renewal Method

လူကြီးမင်းအိမ် မှ CANAL+ Messenger နှင့် Clic here

CANAL+ Viber () တို့မှ တိုက်ရိုက် သက်တမ်းတိုးနိုင်ပါတယ်။

CANAL+ စက်ကို CANAL+ Showroom များ Shop in Shop များ၊ နီးစပ်ရာ အရောင်း ကိုယ်စားလှယ်ဆိုင်များ၊ ABC G&G City Express အစရှိတဲ့ convenience store များအပြင် Ongo, OK$, Near Me, M-Pitesan, MAB Mobile banking, ABC Pay, CB Pay, Wave Pay, Kpay, AYA Pay, Citizen Pay, Easy Pay, MSP, MyTel Pay, MPT Pay အစရှိတဲ့ mobile application နှင့် True Money Logo ရှိသော အရောင်းဆိုင် တို့မှတဆင့် လည်း သက်တမ်းတိုးခြင်းဆောင်ရွက်နိုင်ပါတယ်။

KBZ Pay account မှတဆင့် အောက်ပါနည်းလမ်းအတိုင်း တိုက်ရိုက် သက်တမ်းတိုးနိုင်ပါသည်။

 


 

ကျွန်တော်တို့ CANAL+ စက်ကိုပုံမှန်သက်တမ်းတိုးပြီးချိန်မှစပြီး နာရီဝက် (သို့မဟုတ်) ၄၅ မိနစ်အတွင်းသက်တမ်းကဝင်ရောက်မှာဖြစ်ပါတယ်။ အကယ်၍ လူကြီးမင်းသက်တမ်းတိုးခဲ့တဲ့ဆိုင် ဖြင့်ပြန်လည်စစ်ဆေးပြီး အဆင်မပြေမှုရှိပါက ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ သက်တမ်းတိုးခဲ့တဲ့ရက်၊ အချိန်၊ ဆိုင်လိပ်စာနဲ့ သက်တမ်းတိုးခဲ့သည့် Package အမျိုးအစားနဲ့ Voucher, တို့ဖြင့် ကျွန်တော်တို့ CANAL+ call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အကယ်၍  KBZ Pay (သို့မဟုတ်) Messenger မှ သက်တမ်းတိုးထားပါက လူကြီးမင်းရဲ့ သက်တမ်းတိုးခဲ့တဲ့ရက်၊ အချိန်၊ သက်တမ်းတိုးခဲ့သည့် Package အမျိုးအစားနဲ့ ငွေဖြတ်သွားသည့် payment slippayment code (or) invoice number တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သက်တမ်းတိုးတဲ့အခါ လူကြီးမင်းရဲ့ သက်တမ်းတိုးနံပါတ် ဖြင့် စက်တမ်းတိုးခြင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ (ဥပမာ 0145…, SKWHS640… (OR) 640…နှင့် စသည့်နံပါတ်).

Channel lost

Channel ပျောက်ဆုံးခြင်း အတွက် ဖြေရှင်းနည်းအဆင့်ဆင့်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Clic here

 




အကယ်၍ တစ်စုံတစ်ရာအခက်အခဲ ရှိနေပါက ကျွန်ုပ်တို့၏ contact center hot line 09969983588 နှင့် CANAL+ Myanmar FG Facebook Messenger (နေ့စဉ် နံနက် 8 နာရီမှ 10 နာရီအထိ) ဆက်သွယ်နိုင်သလို ရန်ကုန်နှင့် မန္တလေး Showroom များ သို့မဟုတ် အနီးဆုံး CANAL+ ကိုယ်စားလှယ် အရောင်းဆိုင်များတွင် စက်ကိုသွားရောက် စစ်ဆေးနိုင်ပါသည်။

Installation

KAON MODELS DTT/ DTH ရုပ်သံဖမ်းစက်များကိုအောက်ပါနည်းလမ်းအတိုင်းတပ်ဆင်နိုင်ပါသည်။

Clic here

 

 




 

အသေးစိတ်သိရှိနိုင်ရန်အတွက် CANAL+ CALL CENTER HOT LINE 09969983588 သို့ မနက် (၈) နာရီမှ ည (၁၀) နာရီအထိ ပိတ်ရက်မရှိဆက်သွယ်နိုင်ပါသည်။

 

 

Sky Worth Decoder Manual/Auto Scan

Skyworth Models ရုပ်သံဖမ်းစက်များကိုအောက်ပါနည်းလမ်းအတိုင်း manual/auto scan

ပြုလုပ်နိုင်ပါသည်။ အသေးစိတ်သိရှိနိုင်ရန်အတွက် CANAL+ CALL CENTER HOT LINE 09969983588

သို့ မနက် (၈) နာရီမှ ည (၁၀) နာရီအထိပိတ်ရက်မရှိဆက်သွယ်နိုင်ပါသည်။

Clic here


 


 


Skywoth decoder များအတွက် လိုင်းဖမ်းယူနည်းဗီဒီယို

KAON decoder များအတွက် လိုင်းဖမ်းယူနည်း

  1. Remote မှ Menu ခလုတ်ကိုနှိပ်ပြီး System Setting ထဲသို့၀င်ပါ။

 

  1. System Setting ထဲသို့ဝင်ပြီးပါက Menu Lock Box ကျလာပြီး Password အဖြစ် သုညလေးလုံးကိုရိုက်ထည့်ပေးပါ။

 

  1. Password ဝင်ပြီးပါက System Setting ထဲမှ ဘာသာစကားတွင် English ကို ရွေးချယ်ပေးပြီး Ok ခလုတ်ကိုနှိပ်ပေးပါ။

 

  1. ထို့နောက် AV Setting တွင် Resolution မှ 720p 60Hz ကိုရွေးချယ်ပေးပါ။

 

  1. Resolution ချိန်ညှိခြင်းလုပ်ဆောင်ပြီးပါက CANAL+ Remote မှ Audio (အပြာရောင်) ခလုတ်ကို နှိပ်ပြီး လိုင်းရှာဖွေခြင်းကို လုပ်ဆောင်ရမှာ ဖြစ်ပါသည်။ လိုင်းရှာဖွေခြင်းကို (100%) ပြည့်သည်အထိ စောင့်ဆိုင်းပေးပြီး (100%) ပြည့်သွားပါက Save ဖြစ်သွားမှာဖြစ်ပြီး ရုပ်သံလိုင်းများကို ကြည့်ရှုလို့ရနိုင်ပြီဖြစ်ပါသည်။

 

 

Voucher - Code

ကျွန်တော်တို့ရဲ့ ရုပ်သံလိုင်းများကို CANAL+စက်မတပ်ဆင်ဘဲ CANAL+ Application ဖြင့်ကြည့်ရှုနိုင်ပါတယ်။ အောက်ပါ လင့်မှတဆင့် လူကြီးမင်းရဲ့ဖုန်းနံပါတ်ဖြင့် နှစ်သက်ရာ package ကိုရွေးချယ်ပြီး တိုက်ရိုက်၀ယ်ယူနိုင်ပါတယ်။ https://www.canalplus-myanmar.com/mycanal

Htoo Shall Mobile package နှင့် Htoo Shall Smart TV package ၂မျိုးလုံးသည် CANAL+ ရဲ့ ကိုယ်ပိုင်ရုပ်သံလိုင်း ၉လိုင်း အပြင် အခြား စိတ်ဝင်စားစရာ International Channels များ၊ Local channel များစွာ ပါဝင်တာဖြစ်ပြီး UEFA Champion League ပြိုင်ပွဲများအားလုံးကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Htoo Shall Mobile package ကို (Mobile, Laptop, Tablet) တို့မှ နှစ်သက်ရာ user device တစ်ဦးကြည့်ရှုနိုင်မှာဖြစ်ပြီး Htoo Shall Smart TV package ကို (Mobile, Laptop, Tablet, Smart TV) တို့မှ နှစ်သက်ရာ user device နှစ်ဦး ထိ တချိန်တည်းမှာပဲမတူညီတဲ့ရုပ်သံလိုင်းကို ပြိုင်တူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

CANAL+ Application အသုံးပြုရန် စက်၀ယ်တုန်းက ပေးခဲ့သော လူကြီးမင်း၏ဖုန်းနံပါတ်ကို username နေရာတွင်ထည့်သွင်းပါ။ သက်တမ်းတိုးပြီးပါက password အတွက် login SMS လက်ခံရရှိမည်ဖြစ်ပါတယ်။ Password မေ့သွားပါက အောက်ပါနည်းလမ်းအတိုင်း Password ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်ပါသည်။

CANAL+ Application ကို ကျွန်တော်တို့ရဲ့ web browser https://mycanal.canalplus-myanmar.com/ မှ ဝင်ရောက်နိုင်ပြီး အချို့သောအစီအစဥ်များကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

CANAL+ APP Login Informations

CANAL+ Application အသုံးပြုရန် စက်၀ယ်တုန်းက ပေးခဲ့သော လူကြီးမင်း၏ဖုန်းနံပါတ်ကို username နေရာတွင်ထည့်သွင်းပါ။ သက်တမ်းတိုးပြီးပါက password အတွက် login SMS လက်ခံရရှိမည်ဖြစ်ပါတယ်။ Password မေ့သွားပါက အောက်ပါနည်းလမ်းအတိုင်း Password ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်ပါသည်။

CANAL+ Application မှာ Login ဝင်ရောက်သည့်အဆင့်တွင် forgot your password ကို နှိပ်ပေးပါ။ ထို့နောက် လူကြီးမင်း စက်၏ Register ဖုန်းနံပါတ်ကို ထည့်သွင်းပြီး Next ကိုနှိပ်ပါက လူကြီးမင်း၏ ဖုန်းသို့ OTP code ကျလာမှာ ဖြစ်ပြီး ၄င်း code ကို CANAL+ Application တွင် ထည့်သွင်းပေးပါ။

 

Password ပြောင်းလဲရန် Box ကျလာပါက လူကြီးမင်း မှတ်သားလွယ်သော Password ကို နှစ်ကြိမ်ထည့်သွင်းပြီး Confirm နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ထို့နောက် Login ဝင်ခြင်း အဆင့်ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပြီး Register ဖုန်းနံပါတ် နှင့် ပြောင်းလဲထားသည့် Password တို့ဖြင့် ပြန်လည် Login ဝင်ရောက်နိုင်ပါသည်။

CANAL+ Application ကို ကျွန်တော်တို့ရဲ့ web browser Clic here မှ ဝင်ရောက်နိုင်ပြီး အချို့သောအစီအစဥ်များကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

CANAL+ APP- Application Error

လူကြီးမင်းအနေနဲ့ CANAL+ စက်တွင် Package သက်တမ်းကုန်ဆုံးနေပါက CANAL+ Application ကိုအသုံးပြုလို့မရပါဘူး။ CANAL+ Application ကတော့ လူကြီးမင်းစက်တွင် Package သက်တမ်းရှိမှသာအသုံးပြုလို့ရရှိတာဖြစ်ပါတယ်။ လူကြီးမင်းအနေနှင့် သက်တမ်းပြန်လည်တိုးလိုက်မည်ဆိုပါက CANAL+ Application ကိုပြန်လည်အသုံးပြုနိုင်ပြီးကျွန်တော်တို့ဘက်မှ User Name နှင့် Password ပါသည့် SMS ကိုပေးပို့ပေးလို့ရမှာဖြစ်ပါတယ်။ အသေးစိပ်သိရှိလိုပါက လူကြီးမင်း၏ စက်ရဲ့ သက်တမ်းတိုးနံပါတ် (သို့မဟုတ်) စက်ဝယ်စဉ်အခါကဆိုင်ကိုပေးခဲ့သော ဖုန်းနံပါတ်ကို call center hot line 09969983588 (သို့) Myanmar FG Facebook Messenger ကို မနက် (၈) နာရီမှာ ည (၁၀) နာရီအတွင်း နေ့စဥ်ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

Player encounter a problem with stream ပြဿနာဖြစ်ပေါ်ပါက